မိမိကွန်ပျူတာမှာ Plug in လုပ်တဲ့အချိန်မှောင်နေရင်

February 26, 2012 | 0 comments

မိမိကွန်ပျူတာမှာ Plug in လုပ်တဲ့အချိန်မှာ အရမ်းကိုမှောင်နေရင် ဒီလိုလေးပြင်လိုက်ပါ။
အဆင့် (1).Adjust Screen Brightness ၀င်ရောက်ပြင်ဆင်ရမယ်။
 အောက်က taskbar ပေါ်မှာရှိတဲ့ Power icon ကို Right Click ထောက် ပြီးးတော့
 Adjust Screen Brightness ကိုနှိပ်။ ထိုနောက် Balance (Recommanded) ရဲ့ ညာဖက်
change plan setting ကိုနှိပ်။ Adjust Plan Brightness အကွက်တွင် On Battry နဲ့ Plug in နှစ်ခုကို ချိန်ပေးရမယ်။
On Battry ကို အလယ်လောက်မှာထားပြီး plug in ကို အကုန်ရွေ့ထားလိုက်ပါ။ပီးလျှင် Save > ကွန်ပျူတာကို Restart ချလိုက်ပါ။ အဆင်ပြေပါစေ...

Viagra သန်မာစေတဲ့ဆေး

February 23, 2012 | 1 comments

ကလေးတွေ ငယ်သေးရင် အိပ်ယာထဲမှာ ရှူပါကြတယ်။ လူကြီးတွေမှာ “ဆီးသွားတဲ့အခါ ဖိနပ်ပေါ်ကျတယ်” လို့ ပြောကြတာက Impotency ပန်းသေ-ပန်းညှိုးရောဂါ ဖြစ်နေလို့ပါ။

ပန်းသေ-ပန်းညှိုးဖြစ်တာကို ကုစားနည်းတွေ ကြိုးစား ပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာ မလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။

Viagra သောက်လိုက်ရင် Phosphodiesterase type 5 (PDE5) (အင်ဇိုင်း) ကို တားဆီးပေးတယ်။ PDE5 နည်းလာရင် Smooth muscle ကြွက်သားနုတွေကို ပြော့စေပြေီး၊ လိင်တံမှာ သွေးပိုလျှောက်လာစေတယ်။ ရလဒ်အဖြစ် Erection လိင်တံ သန်မာလာစေတယ်။

Anaemia သွေးအားနည်းခြင်း အကြောင်း သိကောင်းစရာ

| 0 comments


“ဆရာ.. ကျမ လုံးဝအမောမခံနိုင်ဘူးရှင့်၊ ဟိုနားဒီနားသွားလည်း မောတာပဲ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် လည်းမောတာပဲ၊ ရင်ကလဲ အမြဲလှပ်လှပ် လှပ်လှပ်နဲ့”
“ခင်ဗျားမှာ သွေးအားနည်းရောဂါ ရှိတယ်ဗျ”
“ဟုတ်တယ်ဆရာရယ်.. ကျမ သွေးပေါင်ချိန်ဟာ ဘယ်တော့မှ ၁၀၀ မကျော်ပါဘူး”

ဒီပြဿနာဟာ မြန်မာပြည်က လူနာနဲ့ ဆရာဝန်တွေကြားမှာ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ ဆရာဝန်ပြောချင်တာက လူနာမှာ အနီးမီးယား (Anaemia) လို့ခေါ်တဲ့ သွေးအားနည်းခြင်း၊ တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတယ်လို့ဆိုလိုတာပါ။ ဒါကို လူနာက သွေးပေါင်ချိန်လျော့နည်းခြင်း (Hypotension) နဲ့မှားတာပါ။ ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင် တချို့သောဆရာဝန်များက လူနာကို အချိန်ကုန်ခံ လေအကုန်ခံပြီး မရှင်းပြတော့ပါဘူး။ ကိုယ့်ဝတ္တရားကိုယ်သိတဲ့ ဆရာဝန်တချို့သာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း ယေဘူယျအားဖြင့် ရှင်းပြပါတယ်။ ဘာဆက်ဖြစ်သလဲကြည့်ရအောင်။ နှစ်လ၊ သုံးလလောက် အကြာမှာ ခုနကလူနာအမျိုးသမီး ဆရာဝန်ဆီ ပြန်ရောက်လာပါတယ်။

သွေးအားနည်းရောဂါ ( Anemia )

| 0 comments


အနီးမီးယားဆိုတာဘာလည်း .....?

အနီးမီးယားဆိုတာဟာ သွေးထဲမှာ ပုံမှန်ရှိရမယ့် သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော အရာ သံဓါတ်ပါသောအရာ Hemoglobin ပမာဏသို့မဟုတ် သွေးနီဥဆဲလ် red blood cells (RBCs) တွေဟာ ပုံမှန်မမာဏထက်လျော့ နည်းနေခြင်းကို ဆိုလိုပါတယ် ။ တခါတလေမှာတော့ သွေးပမာဏ Blood volume လျော့နည်းနေခြင်း Hypovolemia ကိုလည်း အနီးမီးယားလို့ခေါ်ပါသေးတယ် ။ သွေးယိုခြင်းကြောင့်ဖြစ်ပေါ် တတ်တဲ့ သွေးပမာဏလျော့နည်းခြင်း Hypovolemia ဟာလည်း သွယ်ဝှိုက်သောနည်းနဲ့ အနီးမီးယားကို ဖြစ်စေပါတယ် ။ ဒါပေမယ့် hemoglobin ပမာဏကတော့ များနေပြီး hypovolemia ကိုဖြစ်စေတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ် ။ အဲဒါတွေကတော့ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ အလွန်အမင်း အန်ခြင်းတို့ပဲဖြစ်ပါတယ် ။

သူမရဲ့တယောထိုးသံလေး

| 0 comments


ဗဟုသုတ

February 22, 2012 | 0 comments

မကြာမှီမျှော်

Hepatitis B

| 0 comments

(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့် ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသည်း ကူးစက်ရောဂါ အပြင်းစား ဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါ အသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တစ်ကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ၀ဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။

ဘယ်လိုလုပ် ကူးပါသလဲ မေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ သတိထား စေချင်တာက သွေးသာ မဟုတ်ဘဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်ပါတယ်။

ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ

| 0 comments

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတချို့ရဲ့ ရုပ်တုတွေ ထုလုပ်ခဲ့တဲ့ အမေရိကန် ပန်းပုဆရာ Jim McNalis လတ်တလော လက်စွမ်းပြထားတာကတော့ ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ ဖြစ်ပါတယ်။

မငြိမ်းချမ်းခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေး

| 0 comments

ထူးစေး၊
အဲဒီတုန်းကတော့ အမှတ်တမဲ့ပါ။ ဒါပေမယ့် တချို့အမှတ်တမဲ့တွေဟာ အဖိုးတန်တဲ့ စာအုပ်တအုပ်က စာမျက်နှာတရွက်မှာ ရေးထားတဲ့ အကြောင်းအရာ တပိုဒ်လို့ ပြောရမှာပါ။တချိန်မှာ လိုအပ်လာတော့ ရှာကြဖွေကြ ပြန်လှန်ကြည့်ကြရတာပေါ့။ အခုလည်း အကြောင်း ဖန်လာလို့ အဲဒီအမှတ်တမဲ့တခုကို ပြန်ပြောင်းမြင်မိပါတယ်။



အဲဒီတုန်းကဆိုတာ ၂၀၀၀ – ၂၀၀၁ ခုနှစ် လောက်ကပါ။ ရန်ကုန်မြို့မှာ အလုပ်လိုက်ရှာနေတုန်း သူငယ်ချင်း တယောက်ရဲ့ အဆက်အသွယ်နဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ တပ်ဖွဲ့တဖွဲ့ထဲ ၀င်ရောက်ခဲ့ပါတယ်။ ဦးစောသမူဟဲ ဦးဆောင်တဲ့ (ဟောင်သရော အထူးဒေသ) ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ပါ။ ဦးစောသမူဟဲ အဖွဲ့ဟာ KNU ကနေ ခွဲထွက်ပြီးတော့ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်မှာ စစ်အစိုးရကို လက်နက်ချခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

Karen Children Movie

February 12, 2012 | 0 comments

welcome

February 11, 2012 | 0 comments

wwww

Recent Posts

Recent Comments

Followers

Popular Templates

 
© Copyright 2010-2011 MY POEM All Rights Reserved.
Template Design by Herdiansyah Hamzah | Published by Borneo Templates | Powered by Blogger.com.