ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ

February 22, 2012

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတချို့ရဲ့ ရုပ်တုတွေ ထုလုပ်ခဲ့တဲ့ အမေရိကန် ပန်းပုဆရာ Jim McNalis လတ်တလော လက်စွမ်းပြထားတာကတော့ ဒေါက်တာစင်သီယာမောင်ရဲ့ ပုံတူ ဖြစ်ပါတယ်။



ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာပဲ ကာယကံရှင်ဆီကို ရုပ်တု ပေးအပ်တဲ့ အစီအစဉ် မကြာသေးခင်က ပြုလုပ်ခဲ့ပါတယ်။
နယ်စပ်ဒေသမှာ နှစ်ပေါင်း ၂၀ ကျော် ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေါက်တာစင်သီယာမောင်ဟာ နိုင်ငံတကာဆုတွေ ရရှိထားသူပါ။
ပန်းပုဆရာက သူလေးစားတဲ့ ဆရာဝန်ရဲ့ ရုပ်တု ပေးအပ်တဲ့ အစီအစဉ်မှာ နယ်စပ်ဒေသက မိတ်ဆွေတွေ၊ အဖွဲ့အစည်းကိုယ်စားလှယ်တွေ တက်ရောက် ဂုဏ်ပြုကြတာကို သဘောကျနေပါတယ်။
မယ်တော်ဆေးခန်းမှာ သူတို့ စုဝေးပြီး ကရင်ဘာသာစကားနဲ့ ရယ်ရယ်မောမော ပြောဆိုနေကြတယ်လို့ ပန်းပုဆရာက ပြန်ပြောပြပါတယ်။





0 comments:

Post a Comment

Recent Posts

Recent Comments

Followers

Popular Templates

 
© Copyright 2010-2011 MY POEM All Rights Reserved.
Template Design by Herdiansyah Hamzah | Published by Borneo Templates | Powered by Blogger.com.