အသိတစ်ချက် နောက်ကျခဲ့လို့
ထိရှခဲ့ရတဲ့.. ငါ့နှလုံးသားးးကို
ထပ်ပြီးးတော့
လာမပြုစားပါနဲ့ တော့.......
အရူးအမူး ဖက်တွယ်ခဲ့ဖူးတဲ့
နင်နဲ့ ပတ်သက်တဲ့အတိတ်တွေ..
ငါ့စိတ်မှာ အရိပ်လာမထင်အောင်
နှောင်ကြိုးတွေ ကို ဖြတ်..
လမ်းခုလတ်မှာတော့
ငါ့ဘ၀ ငါ့အနာဂတ် မရပ်တန့်စေရဘူးးးးး
ထားခဲ့မယ်....
နေရစ်ခဲ့တော့...
မှားပြီးချစ်ခဲ့တယ် လို့တော့ ငါ မပြောလိုပါဘူးးး
တကယ်ဆို ဒီအဖြစ်တွေကို
အသက်သွင်းခဲ့သူက ငါကိုယ်တိုင်ပဲ လေ...
တွေဝေနေလို့လည်းးးး
ငါ့တို့အနာဂတ်က သာယာလာမှာမှ မဟုတ်တာ..
မုန်းလို့ မဟုတ်ပေမယ့်
အရှုံးဆိုတာကို.. ငါလက်မခံနိုင်လို့....
နောက်တစ်ခေါက်
ငါတို့ဆုံဖြစ်ခဲ့ရင်....
ငါ့ ဘ၀မှာ နင်ဆိုတာ မရှိသလို နေမှာမို့......
နင့်ဘ၀မှာ ငါမရှိခဲ့ဘူးလို့ပဲ သတ်မှတ်...
ခွင့်လွှတ်ဖို့အတွက်
တောင်းပန်ပါရစေ.....
ဓါတုကလျာ ခံစားရေးသားချက်လေးပါ...............

0 comments:
Post a Comment