သံယောဇဉ်ရယ် ......
အမျှင်တန်းလို့ ရစ်ပတ်နေမိခဲ့တယ်ချစ်သူ.......
ဆုံနိုင်ဖို့က ခက်ခဲလို့ ......
တနေ့ငါတို့ကြေကွဲရမယ်ဆိုတာ သိနေခဲ့ကြတယ် ....
မနီးနိုင်တော့မယ့်တို့နှစ်ယောက် .....
ရှေ့ဆက်လျှောက်ဖို့ရာ ခွန်အားတွေမရှိဘူးချစ်သူ ......
ငါရင်မှာ ဝေဒနာတွေအပြည့်နဲ့
မျက်ရည်တွေကို အဖော်ပြုပီး ခရီးဆက်နေမိသူပါ ......
နီးဖို့ရက်ရယ် မသေချာ .......
ဆွေးဖို့ရယ်က သေချာလွန်းတော့ .......
ခြေဦးတည့်ရာ ငါထွက်သွားချင်မိတော့တယ် .......
ကံမကုန်လို့ ပြန်ဆုံဖြစ်ရင် ......
ငါဆိုတာကို နင်မေ့မပစ်လိုက်ပါနဲ့ပာာ ။
ဇွဲကပင်မြေမှ ကြယ်စင်ခ ခံစားရေးခြင်းဖြစ်သည်။

0 comments:
Post a Comment